၂၀၀၈ ခုနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊
ချင်းပြည်နယ်အုပ်ချုပ်ရေးနှင့်
ချင်းပြည်နယ်အတွင်းမှာ နေထိုင်သူချင်းလူမျိုးစုစုပေါင်
ယောက်ဖြစ်ပါတယ်။ လူဦးရေ ၁ သန်း မပြောနဲ့ထက်ဝက်တောင် မပြည့်နိုင်တော့တဲ့
ချင်းပြည်နယ် ရဲ့ ၂၀၀၈ လူဦးရေစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ တီးတိန်မြို့ နယ် (၈၇၂၅၁)
၂။ တွန်းဇံမြို့ နယ် (၁၉၁၅၆)
၃။ ကျိခါးမြို့ နယ် (၁၀၃၂၀)
၎။ ဖလမ်းမြို့ နယ် (၄၄၃၅၁)
၅။ ရိဒ်ခွါဒါးမြို့ နယ် ( ၅၃၉၀)
၆။ ဟားခါးမြို့ နယ် (၄၈၇၃၁)
၇။ ထန်တလန်မြို့ နယ် (၅၁၁၆၄)
၈။ မတူပီမြို့ နယ် (၃၉၅၅၆)
၉။ ရီဇွာဆပ်မြို့ နယ် (၁၃၅၀၀)
၁၀။ မင်းတပ်မြို့ နယ် (၃၉၈၇၁)
၁၁။ ကန်ပက်လက်မြို့ နယ် (၁၉၀၄၉)
၁၂။ ပလက်ဝမြို့ နယ် (၈၀၀၆၃)
စုစုပေါင်း (၄၅၆၄၀၂)
ချင်းလူမျိုးများဟာ မိမိတို့လူမျိုးကိုချစ်သကဲ့သို့
မိမိတို့နေထိုင်ရာဇာတိဒေသကိုလည်
ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ စိုက်ပျိုးဖြစ်ထွန်းမှု နည်းပါးမှု၊
စားဝတ်နေရေးခက်ခဲမှုနဲ့ စီးပွားရေးအခြေအနေအရ မိမိတို့ပြည်နယ်တွေကို
စွန့်လွှတ်ကာ ရေကြည်ရာမြက်နုရာရှာပြီး၊ ပြည်နယ်ရဲ့ပြင်ပကို
အလျှိုလျှိုထွက်ခွာသွားကြတာ.. တချို့ဆိုရင် ပြည်နယ်ပြင်ပ၊
ပြည်ပအထိတောင်ရောက်ပြီး၊ ရွာတည်နေတဲ့သူတွေ တောင်ရှိ နေကြပါပြီ။
ကိုယ့်ရပ်ရွာ၊ ဒေသကိုချစ်ပါသော်လည်း စားဝတ်နေရေးအတွက် ဘ၀ပေးအခြေအနေမတူတဲ့
အတွက်ကြောင့်မို့ ကိုယ့်ဒေသကိုစွန့်ခွာနေကြသူတွေ
ရိုးသား တဲ့တိုင်းရင်းသားတွေဖြစ်ပေမယ့်၊
မုသာမပါလင်္ကာမချောတဲ့နိုင်ငံမှာေ
အသက်ဆက်ရေးခက်ခဲကြပါတယ်.။ စာရှုသူတို့ အနေနဲ့ အပြစ်တင်ဝေဖန်နေမယ့် အစား
နားလည်ပေးလိုက်ဖို့အတွက် ရည်ညွှန်းရေးသား လိုက်ရပါတယ်..။
ကျေးဇူးတင်ပါတယ်..။
ဒီစာပိုဒ်လေးဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်လျက်သားနဲ့ ဘဝအခြေအနေကြောင့် မတတ်သာလို့သာ နယ်ခြားမှာ သွားရောက်နေထိုင်နေတဲ့ ကျွန်တော်တို့တွေအတွက် စဉ်းစားသင့်တဲ့အချက် ဖြစ်နေပါတယ်။
စဉ်းစားနေလို့တော့ ဘာမှ ဖြစ်မလာဘူး။ ခုလို ဖြစ်ရတဲ့ အကြောင်းကို အားလုံးသိနားလည် ပြီး ဖြစ်လို့ ဘယ်လို ဖြေရှင်းမလဲဆိုတာကို ဆွေးနွေးဆုံးဖြတ် ပြုမူဆောင်ရွက်ဖို့ပါ။ တစ်ချို့ တစ်ချို့တွေက စိတ်ကူးယဉ်ဆန်တဲ့ လောကကြီးက ရုန်းမထွက်ကြသေးဘူး။ တို့ပြည်နယ်ကိုလည်း ရေကြည်စေချင်တယ် ၊ ရွက်နုစေချင်တယ်ဆို ... အပြုသဘောလေး ဆောင်လိုက်ရုံပါပဲ။
ကိုးကား -http://grou.ps/zingsol/blogs







