Sunday, February 28, 2010

Fresher Weclome & Farewell to Final Yrs students

ရန်ကုန်မြို့မှာ ရှိတဲ့ တီးတိန်ချင်း တက္ကသိုလ်ကျောင်းသားများ ပါဝင် ဆင်နွှဲခဲ့တဲ့ ချင်းအမျိုးသားနေ့ တစ်နေ့ဖြစ်ပါတယ်။
အားလုံးလည်း တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် ပါဝင်ခဲ့ကြလို့ အားရ ၀မ်းသာမိပါတယ်။
တစ်နေ့တစ်ချိန်မှာ ဒီလို ကုန်ဆုံးခဲ့တဲ့ အချိန်တွေကို တမ်းတနေမိမှာ အမှန်ပါ။
ပွဲကြီးလည်း ပြီးရော ဒီနေ့ထိ ဘယ်သူနဲ့မှ အဆက်အသွယ်မရတာတော့ တစ်ကယ်စိတ်မကောင်းဘူး။
သူတို့နဲ့ အတူ လက်တွဲလုပ်ဆောင်ရတဲ့ အချိန်တွေဆို ဂုဏ်ယူလို့မဆုံးခဲ့ရဘူး။ 
ရိုးရာအက ကို စုံညီ ကပြီး ပျော်ရွှင်ခဲ့ကြတယ်။
ပင်ပန်းမှုတွေရှိနေပေမဲ့ ကြည်နူးမှုကို မကျော်လွှားနိုင်ခဲ့ဘူး။
ပျော်ရွှင်မှုက ကူညီပြီး ပင်ပန်းမှုတွေကျဆုံးခဲ့တယ်။
ဒီလိုနဲ့ အဲဒီတစ်နေ့တာ ကုန်ဆုံးခဲ့တယ်။
မိဘပြည်သူများရဲ့ ပံ့ပိုးကူညီမှုနဲ့ ဖြစ်မြောက်သွားခဲ့တဲ့ တက္ကသိုယ် ချင်းကျောင်းသားကျောင်းသူတွေရဲ့ လုပ်ဆောင်ချက်တွေ ကတော့ နောင်တစ်ချိန်မှာ တစ်ကယ် ဖြစ်ထွန်းကြမဲ့ လူသားတွေရဲ့ အရိပ် နိမိတ်လို့ ခံစားမိပါတယ်။ အားလုံးလည်း ကြည်နူးနိုင်ကြပါစေ..  

No comments:

Post a Comment