Wednesday, March 3, 2010

အကြောင်းပြချက် ရှိသလား

ပတ်ဝန်းကျင်ဆိုတဲ့ အသိုင်းအ၀ိုင်းရယ် 
မင်းပြုတဲ့ ဂရုစိုက်မှုတွေကြောင့် 
တစ်ပါးသူတို့ရဲ့ ချစ်မေတ္တာတွေ 
မရေမရာဖြစ်ခဲ့ကြတယ်
မင်းရှိတဲ့ နေရာတွေကို ရှောင်ရှားဖို့လည်း 
မတတ်နိုင်ခဲ့တဲ့ စုံတွဲ ချစ်သူသာ
သူတို့အချစ်ကို မင်းရဲ့တံခါးဝမှာ
ထားလို့ချန်ရစ်ခဲ့ရပြီ...ပတ်ဝန်းကျင်ရယ်
မင်းပြုတဲ့ ဂရုဏာတွေကြောင့်
သူတို့တွေ ပျော်ရွှင်ခဲ့ကြဖူးတယ်
မင်းအတွက်ကြောင့်ပဲ သူတို့တွေ
အချစ်ကို စွန့်လွှတ်ရတော့မှာလား
ပြုစားဖို့ ဂရုစိုက်ခဲ့တာလား
ပြစ်မှားလို့ အပြစ်ပေးခဲ့တာလား
နားလည်အောင်တော့ မင်းရှင်းပြသင့်တယ်

No comments:

Post a Comment