သို့/
လမင်းကြီး
မင်းအပါးမှာ ဘယ်သူမှမရှိလဲ ပြုံးနိုင်ခဲ့တယ်နော်
ငါ့အနားမှာ သူမရှိတာလဲ ဖြစ်နေသေးတာပဲ
မင်းခံစားချက် ကို ငါ မသိနိုင်ပေမဲ့
ငါခံစားချက်ကို မင်း နားလည်ပေးပါ
မင်းနဲ့ ငါ ကောင်းကင်မြေလိုဝေးနေပေမယ့်
ထာဝရ မင်းကိုချစ်နေမှာပါ(ကောင်မလေး)
ပန်းတစ်ပွင့်လိုကြွေနေ ရင်လည်း
မြတ်နိုးစွာနဲ့ ပန်ဆင်ထားမှာပါ
အားလုံးကိုလေမေ့ကာထားလို့
မင်းတစ်ယောက်ကိုသာ ချစ်မှာပဲမို့
မပြောဖြစ်တဲ့ ငါ့ စကားသံ ကို
လမင်းကြီးကတစ်ဆင့်..ကိုယ်ရင်ဖွင့်ပါရစေ
သိပ်ချစ်တယ်...ကောင်မလေး...မင်းသိစေချင်တယ်