မင်းအတွက် ကိုရ် မခံစားတာ မဟုတ်ပါဘူး ၊ မင်းအတွက်ပဲ ကိုရ် စဉ်းစားတာပါ
ပေးဆပ်မှုတော့ ရှိရမယ်လို့ ခံယူထားတဲ့အတိုင်း မင်းကိုပဲ ကိုရ် ပေးဆပ်သွားမှာပါ
မင်းပေးတဲ့ ကော်ဖီ ပူပူလေးတခွက်ကို ငါ တမ်းတနေမှာပါ
ခရီးဝေးလို့ ခဏဝေးနေပေမဲ့ ငါ့အသည်းထဲမှာ မင်းအမြဲ ရှိနေမှာပါ
မင်းကျခဲ့တဲ့ မျက်ရည်တွေအတွက် ကိုရ်တာဝန်ယူသွားပါရစေလား .. ချစ်သူရယ်
အတိတ်တဝက်ကို ပြန်ကြည့်လို့ ပူဆွေးနေမလား
အနာဂတ်တွေ မြောက်များစွာကို မျှော်ကြည့်ပေးပါလား
အသံတိတ်ပျော်ရွှင်မှုတွေ အများကြီး မင်းတွေ့ပါ့မလား
တကယ်တော့ ရိုးသားစွာ ချစ်မိနေသူပါ
မင်းနဲ့ ဝေးမဲ့ ခဏကို ကိုရ် မတွေးပါရစေနဲ့လားကွာ
မင်းရှိတဲ့အရပ်က ကိုရ် ခွဲမသွားချင်လို့ပါ
မင်းပေးတဲ့ အကြင်နာတွေ အလွမ်းတွေအဖြစ်သယ်သွားပါရစေကွာ
မင်းသိတဲ့ သံယောဇဉ်ထက် ပိုခင်တွယ်မိလို့ပါ
အမြဲ တမ်း သတိရနေမယ် ... ချစ်တဲ့ .. ကော်ဖီချစ်သူ
အိပ်မက်သစ်တွေအကြောင်းပြောရင်း ကြယ်စင်တွေငေးကြည့်ခဲ့ရတဲ့ အတိတ်တို့ကို အရောင်တင်ဆေးခြယ်ပြီး သင့်အရှေ့မှာ ဖွင့်ဟပြဖို့ ကြယ်စင်အိပ်မက်သစ် စာမျက်နှာကို အသုံးတော်ခံလိုက်ပါရစေ...
Showing posts with label ချစ်သူ. Show all posts
Showing posts with label ချစ်သူ. Show all posts
Saturday, September 24, 2011
Wednesday, March 16, 2011
ကျွန်တော့် ကောင်မလေး
ကျွန်တော် ချစ်ခဲ့တာ သူ့ ကို တခဏအတွက် မဟုတ်ခဲ့ပါဘူး...
တစ်ဘဝအတွက် မြတ်နိုးမိတာပါ...
ရူးသွပ်တယ်ပြောချင်ပြော ... ရောယောင်မဲ့အချစ်မဟုတ်ဘူး ...
တိတ်ဆိတ်စွာ ခံစားရင်း ...
တစ်ဘဝအတွက် မြတ်နိုးမိတာပါ...
ရူးသွပ်တယ်ပြောချင်ပြော ... ရောယောင်မဲ့အချစ်မဟုတ်ဘူး ...
တိတ်ဆိတ်စွာ ခံစားရင်း ...
Saturday, March 27, 2010
အချစ်လှော်တက်
မှိန့်မှိန့်ကြီးနဲ့ ပလ္လင်ထက်မှာ
တိတ်တိတ်ကလေး ခံစားနေတဲ့
တောတောင် ဘုရင်တစ်ပါးပေါ့
ရိပ်တိတ်တိတ်နဲ့ တိမ်တိုက်တွေ
ပျော့ပြောင်းသာယာ ရွေ့လျားနေဆဲ
သူ့ကောင်းကင်ထက်မှာ
ရိုးတိုးရိပ်တိတ် ဒဏ်ချက်တွေအလား
အလွမ်းတွေဖောင်ဖွဲ့လို့
ဒုက္ခပင်လယ်ကြီးကို
အချစ်လှော်တက်လေးနဲ့
မင်းရှိရာ အရပ်ဆီကို
ရူးရူးမိုက်မိုက်
ကူးခတ်လာခဲ့မယ်
တိတ်တိတ်ကလေး ခံစားနေတဲ့
တောတောင် ဘုရင်တစ်ပါးပေါ့
ရိပ်တိတ်တိတ်နဲ့ တိမ်တိုက်တွေ
ပျော့ပြောင်းသာယာ ရွေ့လျားနေဆဲ
သူ့ကောင်းကင်ထက်မှာ
ရိုးတိုးရိပ်တိတ် ဒဏ်ချက်တွေအလား
အလွမ်းတွေဖောင်ဖွဲ့လို့
ဒုက္ခပင်လယ်ကြီးကို
အချစ်လှော်တက်လေးနဲ့
မင်းရှိရာ အရပ်ဆီကို
ရူးရူးမိုက်မိုက်
ကူးခတ်လာခဲ့မယ်
Tuesday, March 23, 2010
မင်းမှ မသိပဲ
ချစ်သူကို လွတ်လပ်ခွင့်ပေးတာ
ပစ်ပယ်တာ မဟုတ်ခဲ့ဘူး
လွတ်လပ်တဲ့ ငယ်ရွယ်ချိန်မှာ
ဆူးခလုတ်တစ်ခုလို
မနှောင့်ယှက်ချင်လို့ပါ
ချစ်သူ နှစ်ဦးအနာဂတ်သာယာဖို့
ဘ၀ကို ငါ ကြိုးစားနေဆဲသာ
ပစ်ပယ်တာမဟုတ်ခဲ့ဘူး
အချစ်ပြယ်သွားပြီလို့
မထင်လိုက်ပါနဲ့
ချစ်သူ မင်းနဲ့အတူရှိခဲ့ချိန်က
ငါ့ဘ၀င်တွေ လေဟပ်ခဲ့ပေါ့
အရမ်းပဲပျော်ရွှင်ခဲ့တယ်
ဒါပေမဲ့..ခုတော့
လေတိုက်တိုင်းလွင့်တဲ့
တိမ်စိုင်တွေလိုပါပဲ
ချစ်သူ တွယ်ကပ်တာမဟုတ်ပါဘူး
အချစ်ရူးမို့ နားလည်ပေးပါ
အတိတ်အရိပ်တို့ မရှင်းလင်းလည်း
ပစ္စုပ္ပန် အလင်းရောင်နဲ့
အနာဂတ် ဖယောင်းတိုင်ကို
ထွန်းတောက်ခွင့်ပြုပါ
အချစ်စစ်မှာ နားလည်မှုတို့ရှိတယ်
ပြီးတော့ အကန့်အသတ်လည်းရှိတယ်လေ
နောက်တော့ ဘောင်ကျော်အောင်
ဆိုးတဲ့ ငါ့အမူအကျင့်တွေ
ကောင်းကင်ထက်ဝေးတဲ့ တစ်နေရာမှာ
ငါ စွန့်ပစ်ခဲ့ပြီ
ခုတော့.. ငါ့အသည်းလည်း
နွမ်းလျလို့ ကြေမွနေပြီ..ချစ်ရသူရယ်
Wednesday, March 3, 2010
အကြောင်းပြချက် ရှိသလား
ပတ်ဝန်းကျင်ဆိုတဲ့ အသိုင်းအ၀ိုင်းရယ်
မင်းပြုတဲ့ ဂရုစိုက်မှုတွေကြောင့်
တစ်ပါးသူတို့ရဲ့ ချစ်မေတ္တာတွေ
မရေမရာဖြစ်ခဲ့ကြတယ်
မင်းရှိတဲ့ နေရာတွေကို ရှောင်ရှားဖို့လည်း
မတတ်နိုင်ခဲ့တဲ့ စုံတွဲ ချစ်သူသာ
သူတို့အချစ်ကို မင်းရဲ့တံခါးဝမှာ
ထားလို့ချန်ရစ်ခဲ့ရပြီ...ပတ်ဝန်းကျင်ရယ်
မင်းပြုတဲ့ ဂရုဏာတွေကြောင့်
သူတို့တွေ ပျော်ရွှင်ခဲ့ကြဖူးတယ်
မင်းအတွက်ကြောင့်ပဲ သူတို့တွေ
အချစ်ကို စွန့်လွှတ်ရတော့မှာလား
ပြုစားဖို့ ဂရုစိုက်ခဲ့တာလား
ပြစ်မှားလို့ အပြစ်ပေးခဲ့တာလား
နားလည်အောင်တော့ မင်းရှင်းပြသင့်တယ်
Monday, February 22, 2010
ဝေဟင်ထက်ကမိုးကောင်းကင်
ကြယ်စင်တွေ များပြားတဲ့ကောင်းကင်ထက်မှာ
အလင်းတန်းတွေ လက်ဆင့်ကမ်းတဲ့ လမင်းရယ်..
တိတ်ဆိတ်တဲ့နယ်မြေမှာ ရိုးသားစွာကျက်စားရင်
အတောက်ပဆုံး အလင်း ပေးနိုင်ဖို့
လမင်းနားမှာ နေချင်တဲ့ ကြယ် တစ်လုံးဖြစ်ခွင့်ရဖို့
အားလုံးကို ကျောခိုင်း နှုတ်မဆက်ပဲ ထွက်ခွာရင်း
အခက်အခဲကို အောင်မြင်ခြင်းလှေကားထစ်လို တက်နင်းပြီး
အောင်နိုင်ခြင်း သရဖူ ကိုဆောင်းလို့
Tuesday, January 26, 2010
ကြည်နူးစရာကောင်းတဲ့ ပန်းချီကားတစ်ချပ်အလား
သဘာဝရဲ့အလှတရားတွေကို တို့တွေ အတူတူ
ကြည်နူးခဲ့ဖူးတယ်
လွမ်းဆွတ်ဖွယ်အတိတ်တွေကို တို့တွေ အတူတူ
ဖန်တီးခဲ့ဖူးတယ်
မခွဲချင်ကြပေမဲ့ချစ်သူ တို့တွေ အတူတူ
ခွဲခဲ့ဖူးတယ်
တစ်ကယ်တော့ တစ်ကြိမ်မက
သာယာလှပတဲ့ ရှုခင်းကို
အတူတူ
စောင့်
ကြည့်
ချင်
သေး
တယ်
.....
ချစ်သူ..ရယ်
Saturday, December 12, 2009
ဘယ်လိုလဲ
အတိတ်တို့ထဲ ပျော်ရွှင်ဖို့သာ
ဆုတောင်းခဲ့တာ မဟုတ်ပါဘူး
ရှေ့ဆက်ပြီးတော့ တို့နှစ်ယောက်တူ
တွဲလက်ခိုင်မြဲ တူလက်တွဲလို့
လောကကြီးကို ရင်ဆိုင်လျှောက်လှမ်း
ဆူးခင်းလမ်းလည်း တို့မကြောက်ဘူးနော်
ခရောင်းလမ်းထက် အမှောင်ဖုံးလည်း
ချစ်စွမ်းအားနဲ့ အလင်းကိုဆောင်
အမိုက်ကိုခွင်း တို့ထိန်လင်းကြမယ်
ယုံကြည်မှုဓား နှလုံးသွင်းလို့
နားလည်မှုဒိုင်း နဲ့ ကာကွယ်ရင်း
ဘ၀တိုက်ပွဲကို ရင်ဆိုင်ကြစို့လား ..ချစ်သူ
ဆုတောင်းခဲ့တာ မဟုတ်ပါဘူး
ရှေ့ဆက်ပြီးတော့ တို့နှစ်ယောက်တူ
တွဲလက်ခိုင်မြဲ တူလက်တွဲလို့
လောကကြီးကို ရင်ဆိုင်လျှောက်လှမ်း
ဆူးခင်းလမ်းလည်း တို့မကြောက်ဘူးနော်
ခရောင်းလမ်းထက် အမှောင်ဖုံးလည်း
ချစ်စွမ်းအားနဲ့ အလင်းကိုဆောင်
အမိုက်ကိုခွင်း တို့ထိန်လင်းကြမယ်
ယုံကြည်မှုဓား နှလုံးသွင်းလို့
နားလည်မှုဒိုင်း နဲ့ ကာကွယ်ရင်း
ဘ၀တိုက်ပွဲကို ရင်ဆိုင်ကြစို့လား ..ချစ်သူ
Subscribe to:
Posts (Atom)



