Monday, February 22, 2010

ဝေဟင်ထက်ကမိုးကောင်းကင်

ကြယ်စင်တွေ များပြားတဲ့ကောင်းကင်ထက်မှာ
အလင်းတန်းတွေ လက်ဆင့်ကမ်းတဲ့ လမင်းရယ်..

တိတ်ဆိတ်တဲ့နယ်မြေမှာ ရိုးသားစွာကျက်စားရင်
အတောက်ပဆုံး အလင်း ပေးနိုင်ဖို့

လမင်းနားမှာ နေချင်တဲ့ ကြယ် တစ်လုံးဖြစ်ခွင့်ရဖို့
အားလုံးကို ကျောခိုင်း နှုတ်မဆက်ပဲ ထွက်ခွာရင်း

အခက်အခဲကို အောင်မြင်ခြင်းလှေကားထစ်လို တက်နင်းပြီး
အောင်နိုင်ခြင်း သရဖူ ကိုဆောင်းလို့
ချစ်သူ... မင်းအနားမှာ ထာဝရ လင်းလက်လို့ နေပါရစေလား

No comments:

Post a Comment