မင်းမျက်လုံး မင်းရဲ့အပြုံးကြားမှာ
ရှုံးနိမ့်ခဲ့ရတဲ့ ငါ့နှလုံးသားတစ်စုံဟာ
ရူးရူးမူးမူး ချစ်ခဲ့ပြီ
မင်းအတွက်ဆို ကိုယ့်ဘက်က
ဗလာကျင်းဘ၀ တစ်ခုဆိုလည်း
အလာမရှိသော အပြန်လမ်းကို
ကိုယ်လျှောက်လှမ်းသွားပါ့မယ်
မင်းပြောခဲ့တဲ့ စကားလုံးတွေက
ငါ့နှလုံးသား ဂူ နံရံမှာ
ရေးမှတ်ထားဆဲပါ
No comments:
Post a Comment