ချစ်သူကို လွတ်လပ်ခွင့်ပေးတာ
ပစ်ပယ်တာ မဟုတ်ခဲ့ဘူး
လွတ်လပ်တဲ့ ငယ်ရွယ်ချိန်မှာ
ဆူးခလုတ်တစ်ခုလို
မနှောင့်ယှက်ချင်လို့ပါ
ချစ်သူ နှစ်ဦးအနာဂတ်သာယာဖို့
ဘ၀ကို ငါ ကြိုးစားနေဆဲသာ
ပစ်ပယ်တာမဟုတ်ခဲ့ဘူး
အချစ်ပြယ်သွားပြီလို့
မထင်လိုက်ပါနဲ့
ချစ်သူ မင်းနဲ့အတူရှိခဲ့ချိန်က
ငါ့ဘ၀င်တွေ လေဟပ်ခဲ့ပေါ့
အရမ်းပဲပျော်ရွှင်ခဲ့တယ်
ဒါပေမဲ့..ခုတော့
လေတိုက်တိုင်းလွင့်တဲ့
တိမ်စိုင်တွေလိုပါပဲ
ချစ်သူ တွယ်ကပ်တာမဟုတ်ပါဘူး
အချစ်ရူးမို့ နားလည်ပေးပါ
အတိတ်အရိပ်တို့ မရှင်းလင်းလည်း
ပစ္စုပ္ပန် အလင်းရောင်နဲ့
အနာဂတ် ဖယောင်းတိုင်ကို
ထွန်းတောက်ခွင့်ပြုပါ
အချစ်စစ်မှာ နားလည်မှုတို့ရှိတယ်
ပြီးတော့ အကန့်အသတ်လည်းရှိတယ်လေ
နောက်တော့ ဘောင်ကျော်အောင်
ဆိုးတဲ့ ငါ့အမူအကျင့်တွေ
ကောင်းကင်ထက်ဝေးတဲ့ တစ်နေရာမှာ
ငါ စွန့်ပစ်ခဲ့ပြီ
ခုတော့.. ငါ့အသည်းလည်း
နွမ်းလျလို့ ကြေမွနေပြီ..ချစ်ရသူရယ်
အိပ်မက်သစ်တွေအကြောင်းပြောရင်း ကြယ်စင်တွေငေးကြည့်ခဲ့ရတဲ့ အတိတ်တို့ကို အရောင်တင်ဆေးခြယ်ပြီး သင့်အရှေ့မှာ ဖွင့်ဟပြဖို့ ကြယ်စင်အိပ်မက်သစ် စာမျက်နှာကို အသုံးတော်ခံလိုက်ပါရစေ...
Tuesday, March 23, 2010
မင်းမှ မသိပဲ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment