တစ်ချိန်က အဖြစ်အပျက်တွေကို
သတိရ မနေရင်တောင်
မှတ်မိနေပါဦးမလား
တစ်ခါက ဖြစ်ပျက်ခဲ့တာတွေကို
မမှတ်မိတော့ရင်တောင်
သတိရနေပါဦးမလား
တစ်ကယ်တော့
ငါသာ တစ်ဖက်သတ်နဲ့
အမုန်းမပွားပဲ ဆက်ချစ်နေခဲ့တာလား
နင်သာ ငါ့အတွက်
နတ်သမီးလေးပါလား လို့
ငါ သိလိုက်ရတဲ့အချိန်မှာ
နင်ဟာ..ဟိုးအဝေးကို
ထွက်ပြေးသလို
စိမ်းကားသွားခဲ့ပြီ။
စိမ်းကားသွားခဲ့ပြီ။

No comments:
Post a Comment