Friday, June 4, 2010

မင်းမသိတဲ့ အိပ်မက်အကြောင်း

 သာယာတဲ့နေ့တစ်နေ့ရဲ့ အဆုံးသတ်ညတစ်ညမှာ 
       အိပ်မက်တစ်ခု တိုးဝင်လာခဲ့တရ်
 ဒီ အိပ်မက်လေးဟာ ကိုယ့်ဘဝကို အလွမ်းတွေပေးတရ်
       မလိုချင်ပေမဲ့လည်း တမ်းတမိတရ်
ဒါနဲ့ တောင်စဉ်ရေမရ ကိုယ့်နှလုံးသားက သံစဉ် မညီမညာနဲ့
       မင်းကို အရမ်း သတိရနေမိတယ်
မင်းလေး ကိုယ့်ပခုံးထက်မှာ မှေးစဉ်း အိပ်စက်ခဲ့တယ်
       အတိုင်းမသိ ကြည်နူးမိတဲ့ ကိုယ်
ရုတ်တရက် သိလိုက်ရတဲ့အဖြစ်က မနှစ်ကလို မဟုတ်ပဲ
       အတိတ်က ရိုက်ချပစ်ခဲ့တယ်
ဒီလိုနဲ့ ကိုယ့်အိပ်မက်က ကိုယ့်အတွက် တစ်ကယ်ပဲ
       အလွမ်းဇာတ် တစ်ပုဒ်ဖြစ်ရတယ်


 

No comments:

Post a Comment