Friday, June 4, 2010

မင်းမသိတဲ့ အိပ်မက်အကြောင်း

 သာယာတဲ့နေ့တစ်နေ့ရဲ့ အဆုံးသတ်ညတစ်ညမှာ 
       အိပ်မက်တစ်ခု တိုးဝင်လာခဲ့တရ်
 ဒီ အိပ်မက်လေးဟာ ကိုယ့်ဘဝကို အလွမ်းတွေပေးတရ်
       မလိုချင်ပေမဲ့လည်း တမ်းတမိတရ်
ဒါနဲ့ တောင်စဉ်ရေမရ ကိုယ့်နှလုံးသားက သံစဉ် မညီမညာနဲ့
       မင်းကို အရမ်း သတိရနေမိတယ်
မင်းလေး ကိုယ့်ပခုံးထက်မှာ မှေးစဉ်း အိပ်စက်ခဲ့တယ်
       အတိုင်းမသိ ကြည်နူးမိတဲ့ ကိုယ်
ရုတ်တရက် သိလိုက်ရတဲ့အဖြစ်က မနှစ်ကလို မဟုတ်ပဲ
       အတိတ်က ရိုက်ချပစ်ခဲ့တယ်
ဒီလိုနဲ့ ကိုယ့်အိပ်မက်က ကိုယ့်အတွက် တစ်ကယ်ပဲ
       အလွမ်းဇာတ် တစ်ပုဒ်ဖြစ်ရတယ်


 

Tuesday, April 6, 2010

စာရိုက်နည်း

Keyboardဖြင့်ရုပ်ပုံများကိုAlt+1to9တွေသာမက
တစ်ခြားပုံပေါင်းများစွာကိုလုပ်လို့ရပါတယ်။
ပုံတွေသာမြင်နေတာမလုပ်တတ်တဲ့လူတွေအတွက်ဒီပိုစ်မှာပြုလုပ်နည်းကိုဖော်ပြပေးမှာပါ။
အရင်ပိုစ်တွေတုန်းကလည်းဖော်ပြထားတာကပုံ၉ပုံပါ။အခုဟာက၉ပုံသာမကပုံပေါင်းများစွာ
ရဲ့shortcutsတွေကိုဖော်ပြပေးမှာပါ။
☺ Alt+1
☻ Alt+2
♥ Alt+3
♦ Alt+4
♣ Alt+5
♠ Alt+6
• Alt+7
◘ Alt+8
○ Alt+9
♀ Alt+1+2
♪ Alt+1+3
♫ Alt+1+4
☼ Alt+1+5
► Alt+1+6
◄ Alt+1+7
↕ Alt+1+8
‼ Alt+1+9
§ Alt+2+1
↑ Alt+2+4
↓ Alt+2+5
→ Alt+2+6
← Alt+2+7
∟ Alt+2+8
↔ Alt+2+9
▼Alt+3+1
$ Alt+3+6
* Alt+4+2
] Alt+9+3
^ Alt+9+7
` Alt+9+6
♂ Alt+1+1
╘ Alt+2+2
▐ Alt+2+2+2
╝Alt+4+4+4
◙ Alt=+6+6+6+6
Ü Alt+6+6+6

Saturday, March 27, 2010

အချစ်လှော်တက်


မှိန့်မှိန့်ကြီးနဲ့ ပလ္လင်ထက်မှာ
တိတ်တိတ်ကလေး ခံစားနေတဲ့
တောတောင် ဘုရင်တစ်ပါးပေါ့
ရိပ်တိတ်တိတ်နဲ့ တိမ်တိုက်တွေ
ပျော့ပြောင်းသာယာ ရွေ့လျားနေဆဲ
သူ့ကောင်းကင်ထက်မှာ
ရိုးတိုးရိပ်တိတ် ဒဏ်ချက်တွေအလား
အလွမ်းတွေဖောင်ဖွဲ့လို့
ဒုက္ခပင်လယ်ကြီးကို
အချစ်လှော်တက်လေးနဲ့
မင်းရှိရာ အရပ်ဆီကို
ရူးရူးမိုက်မိုက်
ကူးခတ်လာခဲ့မယ်

Tuesday, March 23, 2010

မင်းမှ မသိပဲ

ချစ်သူကို လွတ်လပ်ခွင့်ပေးတာ 
ပစ်ပယ်တာ မဟုတ်ခဲ့ဘူး
လွတ်လပ်တဲ့ ငယ်ရွယ်ချိန်မှာ
ဆူးခလုတ်တစ်ခုလို
မနှောင့်ယှက်ချင်လို့ပါ


ချစ်သူ နှစ်ဦးအနာဂတ်သာယာဖို့
ဘ၀ကို ငါ ကြိုးစားနေဆဲသာ
ပစ်ပယ်တာမဟုတ်ခဲ့ဘူး
အချစ်ပြယ်သွားပြီလို့
မထင်လိုက်ပါနဲ့



ချစ်သူ မင်းနဲ့အတူရှိခဲ့ချိန်က
ငါ့ဘ၀င်တွေ လေဟပ်ခဲ့ပေါ့
အရမ်းပဲပျော်ရွှင်ခဲ့တယ်
ဒါပေမဲ့..ခုတော့
လေတိုက်တိုင်းလွင့်တဲ့
တိမ်စိုင်တွေလိုပါပဲ


ချစ်သူ တွယ်ကပ်တာမဟုတ်ပါဘူး
အချစ်ရူးမို့ နားလည်ပေးပါ
အတိတ်အရိပ်တို့ မရှင်းလင်းလည်း
ပစ္စုပ္ပန် အလင်းရောင်နဲ့
အနာဂတ် ဖယောင်းတိုင်ကို
ထွန်းတောက်ခွင့်ပြုပါ


အချစ်စစ်မှာ နားလည်မှုတို့ရှိတယ်
ပြီးတော့ အကန့်အသတ်လည်းရှိတယ်လေ
နောက်တော့ ဘောင်ကျော်အောင်
ဆိုးတဲ့ ငါ့အမူအကျင့်တွေ
ကောင်းကင်ထက်ဝေးတဲ့ တစ်နေရာမှာ

ငါ စွန့်ပစ်ခဲ့ပြီ 
ခုတော့.. ငါ့အသည်းလည်း
နွမ်းလျလို့ေ​​ကြမွနေပြီ..ချစ်ရသူရယ်

Wednesday, March 3, 2010

ထင်နိုင်ပါတယ်

တိမ်စိုင်တွေလိုပဲ ငါ့အတွေးထဲမှာ
ရီဝေကာနေဆဲ ငါ့အတွေးများဟာ
မရေရာတာ မှန်ပေမဲ့
သေချာတာ တစ်ခုက
မင်းကိုချစ်တာ ထာဝရအတွက်ပါ

မေးကြည့်လို့ မသိနိုင်ပေမဲ့
တွေးကြည့်လို့ သိနိုင်ပါတယ်
သွေးရှိလို့ ချစ်ခဲ့တာ မဟုတ်ပါဘူး
ချစ်မိလို့ သိပ်ချစ်တာပါ
ငေးကြည့်ဖို့ မဖြစ်နိုင်လို့ပါ
နင့်အနားမှာ ရှိနေခွင့်လေးပေးပါ

တိတ်တဆိတ်နဲ့ ပြေးထွက်မသွားပါနဲ့ကွာ
တဖြည်းဖြည်းနဲ့ စိမ်းကားနေပေမဲ့
နှလုံးသားချင်း နီးဖို့သာ
ကိုယ် မျှော်လင့်မိတာပါ
အတုအယောင်တော့ မဟုတ်ပါဘူး
ယုယလာအောင်လည်း မပြောတတ်လို့ပါ။
သိပ်ချစ်တယ်ကွာ

အဆုံးမဲ့ နိဒါန်း

တစ်ချိန်က အဖြစ်အပျက်တွေကို 
သတိရ မနေရင်တောင်
မှတ်မိနေပါဦးမလား
တစ်ခါက ဖြစ်ပျက်ခဲ့တာတွေကို
မမှတ်မိတော့ရင်တောင်
သတိရနေပါဦးမလား
တစ်ကယ်တော့
ငါသာ တစ်ဖက်သတ်နဲ့
အမုန်းမပွားပဲ ဆက်ချစ်နေခဲ့တာလား
နင်သာ ငါ့အတွက်
နတ်သမီးလေးပါလား လို့
ငါ သိလိုက်ရတဲ့အချိန်မှာ
နင်ဟာ..ဟိုးအဝေးကို
ထွက်ပြေးသလို
စိမ်းကားသွားခဲ့ပြီ။

အကြောင်းပြချက် ရှိသလား

ပတ်ဝန်းကျင်ဆိုတဲ့ အသိုင်းအ၀ိုင်းရယ် 
မင်းပြုတဲ့ ဂရုစိုက်မှုတွေကြောင့် 
တစ်ပါးသူတို့ရဲ့ ချစ်မေတ္တာတွေ 
မရေမရာဖြစ်ခဲ့ကြတယ်
မင်းရှိတဲ့ နေရာတွေကို ရှောင်ရှားဖို့လည်း 
မတတ်နိုင်ခဲ့တဲ့ စုံတွဲ ချစ်သူသာ
သူတို့အချစ်ကို မင်းရဲ့တံခါးဝမှာ
ထားလို့ချန်ရစ်ခဲ့ရပြီ...ပတ်ဝန်းကျင်ရယ်
မင်းပြုတဲ့ ဂရုဏာတွေကြောင့်
သူတို့တွေ ပျော်ရွှင်ခဲ့ကြဖူးတယ်
မင်းအတွက်ကြောင့်ပဲ သူတို့တွေ
အချစ်ကို စွန့်လွှတ်ရတော့မှာလား
ပြုစားဖို့ ဂရုစိုက်ခဲ့တာလား
ပြစ်မှားလို့ အပြစ်ပေးခဲ့တာလား
နားလည်အောင်တော့ မင်းရှင်းပြသင့်တယ်