Friday, May 4, 2012

ဦးနှောက်စွမ်းအားကောင်းစေရန် အချိန်နာရီအလိုက် ဆောင်ရွက်သင့်သည်များ

တစ်နေ့တာအတွင်း ခန္ဓာကိုယ်ထဲက စွမ်းအင်ကသာ အချိန်နဲ့အမျှ အတက်အကျ ပြောင်းလဲနေတာ မဟုတ်ပါဘူး။ သင်ရဲ့ ဦးနှောက်ကလည်း ကိုယ်ပိုင်စည်းချက်ကျနမှု လိုအပ်နေပါတယ်ပါ။ ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝနရီ၊ အိပ်စက်မှု၊ အလင်းနဲ့ ထိတွေ့မှုနဲ့ မျိုးရိုးဗီဇတို့အပေါ်မှာ အကြီးအကျယ် မှီခိုနေပါတယ်။ ဦးနှောက်စွမ်းအားကောင်းအောင် အချိန်နာရီအလိုက် လိုက်နာနေထိုင်တာတွေ ဟာ မှတ်ဉာဏ်ကို ကောင်းစေရုံသာမက ပိုမိုကျန်းမာပျော်ရွှင်ပြီး စွမ်းအင်ပိုမိုရရှိပါလိမ့်မယ်။
နံနက် ၇ နာရီ - ၉ နာရီ
ချစ်ခြင်းမေတ္တာအတွက် အကောင်းဆုံးအချိန်
အိပ်ရာကနေနိုးလာတဲ့အချိန်မှာ သင့်အိမ်ထောင်ဖက်နဲ့ ချစ်တင်းနှောဖို့ အကောင်းဆုံး အချိန်ပါ။ အကြောင်းကတော့ အချစ်ဟော်မုန်းလို့

Sunday, April 22, 2012

ကွန်ပျူတာကို စကားပြောစေတဲ့နည်းတဲ့

ကိုယ်ကြိုက်တဲ့ စားသားထည့်ပြီး ကွန်ပျူတာကို စကားပြောခိုင်းမယ်ဗျာ..
ဘယ်လိုပေးပြောမလဲ? ဒီအောက်က အတိုင်းလုပ်ကြည့်ပါ..

Notepad ကိုဖွင့်ပါ.ပြီးရင် ဒီအောက်က code ကို copy ယူပြီး notepad မှာ
paste ထည့်လိုက်ပါ..


Do
Dim msg, sapi
msg="1437 = I Love You"
Set sapi=CreateObject("sapi.spvoice")
sapi.Speak msg
loop

ပြီးရင် Talker.vbs လိုနာမည်ပေးပြီး Save လိုက်ပါ..
နောက် ကိုယ် save ထားတဲ့Talker.vbs ကို ဖွင့်လိုက်ပါ..1437 = I Love You ဆိုပြီး ထပ်ခါထပ်ခါ
ပြောလာပါလိမ့်မယ်..အနီရောင်နဲ့ ပြထားတဲ့စာသားကိုကိုယ်ကြိုက်တဲ့ စားသားနဲ့ပြောင်းလို.ရပါတယ်..

စကားပြောတာကိုရပ်ချင်ရင် CTRL + ALT + DEL >>ကိုနိုပ်ပြီး task manager ကိုဖွင့်လိုက်ပါ..နောက် Processes TAB ထဲကိုဝင်ပြီး wbscript.exe ကိုရှာပါ ..
တွေ့ပြီဆိုရင် သူ့ကို Select ပြီး End Process ကိုနိုပ်လိုက်ရုံပါပဲ..အဲဒါပါပဲ
ခင်ဗျာ.. :) ။
Copy from : http://kimthang-xion.blogspot.com/

Sunday, February 26, 2012

ဦးနှောက်စွမ်းရည်ကျဆင်းခြင်းအကြောင်းတရားများ…

 








၁) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။

၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင်
ဦးနှောက်ကို ကျုံ့စေပါတယ်။

၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို
လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့်
ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။

၅) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း
မြင့်မားလာစေပါတယ်။

၆) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို
အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

၇) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ
အနှောင့်အယှက် ဖြစ်စေပါတယ်။

၈) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ
ဖြစ်လာနိုင်ပါတယ်။

၉) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။

၁၀) မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ
ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။

Saturday, September 24, 2011

ချစ်သူအတွက် ကော်ဖီတခွက်

မင်းအတွက် ကိုရ် မခံစားတာ မဟုတ်ပါဘူး ၊ မင်းအတွက်ပဲ ကိုရ် စဉ်းစားတာပါ 
ပေးဆပ်မှုတော့ ရှိရမယ်လို့ ခံယူထားတဲ့အတိုင်း မင်းကိုပဲ ကိုရ် ပေးဆပ်သွားမှာပါ 
မင်းပေးတဲ့ ကော်ဖီ ပူပူလေးတခွက်ကို ငါ တမ်းတနေမှာပါ 
ခရီးဝေးလို့ ခဏဝေးနေပေမဲ့ ငါ့အသည်းထဲမှာ မင်းအမြဲ ရှိနေမှာပါ
မင်းကျခဲ့တဲ့ မျက်ရည်တွေအတွက် ကိုရ်တာဝန်ယူသွားပါရစေလား .. ချစ်သူရယ် 


အတိတ်တဝက်ကို ပြန်ကြည့်လို့ ပူဆွေးနေမလား 
အနာဂတ်တွေ မြောက်များစွာကို မျှော်ကြည့်ပေးပါလား 
အသံတိတ်ပျော်ရွှင်မှုတွေ အများကြီး မင်းတွေ့ပါ့မလား 
တကယ်တော့ ရိုးသားစွာ ချစ်မိနေသူပါ


မင်းနဲ့ ဝေးမဲ့ ခဏကို ကိုရ် မတွေးပါရစေနဲ့လားကွာ 
မင်းရှိတဲ့အရပ်က ကိုရ် ခွဲမသွားချင်လို့ပါ 
မင်းပေးတဲ့ အကြင်နာတွေ အလွမ်းတွေအဖြစ်သယ်သွားပါရစေကွာ 
မင်းသိတဲ့ သံယောဇဉ်ထက် ပိုခင်တွယ်မိလို့ပါ




အမြဲ တမ်း သတိရနေမယ် ... ချစ်တဲ့ .. ကော်ဖီချစ်သူ

Wednesday, March 16, 2011

ကျွန်တော့် ကောင်မလေး

ကျွန်တော် ချစ်ခဲ့တာ သူ့ ကို တခဏအတွက် မဟုတ်ခဲ့ပါဘူး...
တစ်ဘဝအတွက် မြတ်နိုးမိတာပါ...
ရူးသွပ်တယ်ပြောချင်ပြော ... ရောယောင်မဲ့အချစ်မဟုတ်ဘူး ...
တိတ်ဆိတ်စွာ ခံစားရင်း ...

Tuesday, June 8, 2010

ချင်းပြည်နယ် လူဦးရေအကြောင်း သိကောင်းစရာ

ချင်းပြည်နယ်လက်ရှိလူဦးရေ
၂၀၀၈ ခုနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊
ချင်းပြည်နယ်အုပ်ချုပ်ရေးနှင့်
စီးပွားရေးလူမှုရေးဆိုင်ရာ ဦးစီးမှတ်စုအရ
ချင်းပြည်နယ်အတွင်းမှာ နေထိုင်သူချင်းလူမျိုးစုစုပေါင်းဟာ ၄၅၆၄၀၂
ယောက်ဖြစ်ပါတယ်။ လူဦးရေ ၁ သန်း မပြောနဲ့ထက်ဝက်တောင် မပြည့်နိုင်တော့တဲ့
ချင်းပြည်နယ် ရဲ့ ၂၀၀၈ လူဦးရေစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ တီးတိန်မြို့ နယ် (၈၇၂၅၁)
၂။ တွန်းဇံမြို့ နယ် (၁၉၁၅၆)
၃။ ကျိခါးမြို့ နယ် (၁၀၃၂၀)
၎။ ဖလမ်းမြို့ နယ် (၄၄၃၅၁)
၅။ ရိဒ်ခွါဒါးမြို့ နယ် ( ၅၃၉၀)
၆။ ဟားခါးမြို့ နယ် (၄၈၇၃၁)
၇။ ထန်တလန်မြို့ နယ် (၅၁၁၆၄)
၈။ မတူပီမြို့ နယ် (၃၉၅၅၆)
၉။ ရီဇွာဆပ်မြို့ နယ် (၁၃၅၀၀)
၁၀။ မင်းတပ်မြို့ နယ် (၃၉၈၇၁)
၁၁။ ကန်ပက်လက်မြို့ နယ် (၁၉၀၄၉)
၁၂။ ပလက်ဝမြို့ နယ် (၈၀၀၆၃)
စုစုပေါင်း (၄၅၆၄၀၂)

ချင်းလူမျိုးများဟာ မိမိတို့လူမျိုးကိုချစ်သကဲ့သို့
မိမိတို့နေထိုင်ရာဇာတိဒေသကိုလည်း ချစ်ခင်ကြတဲ့လူမျိုးဖြစ်ပါ တယ်။
ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ စိုက်ပျိုးဖြစ်ထွန်းမှု နည်းပါးမှု၊
စားဝတ်နေရေးခက်ခဲမှုနဲ့ စီးပွားရေးအခြေအနေအရ မိမိတို့ပြည်နယ်တွေကို
စွန့်လွှတ်ကာ ရေကြည်ရာမြက်နုရာရှာပြီး၊ ပြည်နယ်ရဲ့ပြင်ပကို
အလျှိုလျှိုထွက်ခွာသွားကြတာ.. တချို့ဆိုရင် ပြည်နယ်ပြင်ပ၊
ပြည်ပအထိတောင်ရောက်ပြီး၊ ရွာတည်နေတဲ့သူတွေ တောင်ရှိ နေကြပါပြီ။
ကိုယ့်ရပ်ရွာ၊ ဒေသကိုချစ်ပါသော်လည်း စားဝတ်နေရေးအတွက် ဘ၀ပေးအခြေအနေမတူတဲ့
အတွက်ကြောင့်မို့ ကိုယ့်ဒေသကိုစွန့်ခွာနေကြသူတွေကို နားလည်ပေးစေလိုပါတယ်။
ရိုးသား တဲ့တိုင်းရင်းသားတွေဖြစ်ပေမယ့်၊
မုသာမပါလင်္ကာမချောတဲ့နိုင်ငံမှာနေရတဲ့အတွက် သူတို့ အတွက်
အသက်ဆက်ရေးခက်ခဲကြပါတယ်.။ စာရှုသူတို့ အနေနဲ့ အပြစ်တင်ဝေဖန်နေမယ့် အစား
နားလည်ပေးလိုက်ဖို့အတွက် ရည်ညွှန်းရေးသား လိုက်ရပါတယ်..။
ကျေးဇူးတင်ပါတယ်..။

ဒီစာပိုဒ်လေးဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်လျက်သားနဲ့ ဘဝအခြေအနေကြောင့် မတတ်သာလို့သာ နယ်ခြားမှာ သွားရောက်နေထိုင်နေတဲ့ ကျွန်တော်တို့တွေအတွက် စဉ်းစားသင့်တဲ့အချက် ဖြစ်နေပါတယ်။

စဉ်းစားနေလို့တော့ ဘာမှ ဖြစ်မလာဘူး။ ခုလို ဖြစ်ရတဲ့ အကြောင်းကို အားလုံးသိနားလည် ပြီး ဖြစ်လို့ ဘယ်လို ဖြေရှင်းမလဲဆိုတာကို ဆွေးနွေးဆုံးဖြတ် ပြုမူဆောင်ရွက်ဖို့ပါ။ တစ်ချို့ တစ်ချို့တွေက စိတ်ကူးယဉ်ဆန်တဲ့ လောကကြီးက ရုန်းမထွက်ကြသေးဘူး။ တို့ပြည်နယ်ကိုလည်း ရေကြည်စေချင်တယ် ၊ ရွက်နုစေချင်တယ်ဆို ... အပြုသဘောလေး ဆောင်လိုက်ရုံပါပဲ။

ကိုးကား  -http://grou.ps/zingsol/blogs

Friday, June 4, 2010

မင်းမသိတဲ့ အိပ်မက်အကြောင်း

 သာယာတဲ့နေ့တစ်နေ့ရဲ့ အဆုံးသတ်ညတစ်ညမှာ 
       အိပ်မက်တစ်ခု တိုးဝင်လာခဲ့တရ်
 ဒီ အိပ်မက်လေးဟာ ကိုယ့်ဘဝကို အလွမ်းတွေပေးတရ်
       မလိုချင်ပေမဲ့လည်း တမ်းတမိတရ်
ဒါနဲ့ တောင်စဉ်ရေမရ ကိုယ့်နှလုံးသားက သံစဉ် မညီမညာနဲ့
       မင်းကို အရမ်း သတိရနေမိတယ်
မင်းလေး ကိုယ့်ပခုံးထက်မှာ မှေးစဉ်း အိပ်စက်ခဲ့တယ်
       အတိုင်းမသိ ကြည်နူးမိတဲ့ ကိုယ်
ရုတ်တရက် သိလိုက်ရတဲ့အဖြစ်က မနှစ်ကလို မဟုတ်ပဲ
       အတိတ်က ရိုက်ချပစ်ခဲ့တယ်
ဒီလိုနဲ့ ကိုယ့်အိပ်မက်က ကိုယ့်အတွက် တစ်ကယ်ပဲ
       အလွမ်းဇာတ် တစ်ပုဒ်ဖြစ်ရတယ်