Saturday, September 24, 2011

ချစ်သူအတွက် ကော်ဖီတခွက်

မင်းအတွက် ကိုရ် မခံစားတာ မဟုတ်ပါဘူး ၊ မင်းအတွက်ပဲ ကိုရ် စဉ်းစားတာပါ 
ပေးဆပ်မှုတော့ ရှိရမယ်လို့ ခံယူထားတဲ့အတိုင်း မင်းကိုပဲ ကိုရ် ပေးဆပ်သွားမှာပါ 
မင်းပေးတဲ့ ကော်ဖီ ပူပူလေးတခွက်ကို ငါ တမ်းတနေမှာပါ 
ခရီးဝေးလို့ ခဏဝေးနေပေမဲ့ ငါ့အသည်းထဲမှာ မင်းအမြဲ ရှိနေမှာပါ
မင်းကျခဲ့တဲ့ မျက်ရည်တွေအတွက် ကိုရ်တာဝန်ယူသွားပါရစေလား .. ချစ်သူရယ် 


အတိတ်တဝက်ကို ပြန်ကြည့်လို့ ပူဆွေးနေမလား 
အနာဂတ်တွေ မြောက်များစွာကို မျှော်ကြည့်ပေးပါလား 
အသံတိတ်ပျော်ရွှင်မှုတွေ အများကြီး မင်းတွေ့ပါ့မလား 
တကယ်တော့ ရိုးသားစွာ ချစ်မိနေသူပါ


မင်းနဲ့ ဝေးမဲ့ ခဏကို ကိုရ် မတွေးပါရစေနဲ့လားကွာ 
မင်းရှိတဲ့အရပ်က ကိုရ် ခွဲမသွားချင်လို့ပါ 
မင်းပေးတဲ့ အကြင်နာတွေ အလွမ်းတွေအဖြစ်သယ်သွားပါရစေကွာ 
မင်းသိတဲ့ သံယောဇဉ်ထက် ပိုခင်တွယ်မိလို့ပါ




အမြဲ တမ်း သတိရနေမယ် ... ချစ်တဲ့ .. ကော်ဖီချစ်သူ

Wednesday, March 16, 2011

ကျွန်တော့် ကောင်မလေး

ကျွန်တော် ချစ်ခဲ့တာ သူ့ ကို တခဏအတွက် မဟုတ်ခဲ့ပါဘူး...
တစ်ဘဝအတွက် မြတ်နိုးမိတာပါ...
ရူးသွပ်တယ်ပြောချင်ပြော ... ရောယောင်မဲ့အချစ်မဟုတ်ဘူး ...
တိတ်ဆိတ်စွာ ခံစားရင်း ...

Tuesday, June 8, 2010

ချင်းပြည်နယ် လူဦးရေအကြောင်း သိကောင်းစရာ

ချင်းပြည်နယ်လက်ရှိလူဦးရေ
၂၀၀၈ ခုနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊
ချင်းပြည်နယ်အုပ်ချုပ်ရေးနှင့်
စီးပွားရေးလူမှုရေးဆိုင်ရာ ဦးစီးမှတ်စုအရ
ချင်းပြည်နယ်အတွင်းမှာ နေထိုင်သူချင်းလူမျိုးစုစုပေါင်းဟာ ၄၅၆၄၀၂
ယောက်ဖြစ်ပါတယ်။ လူဦးရေ ၁ သန်း မပြောနဲ့ထက်ဝက်တောင် မပြည့်နိုင်တော့တဲ့
ချင်းပြည်နယ် ရဲ့ ၂၀၀၈ လူဦးရေစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ တီးတိန်မြို့ နယ် (၈၇၂၅၁)
၂။ တွန်းဇံမြို့ နယ် (၁၉၁၅၆)
၃။ ကျိခါးမြို့ နယ် (၁၀၃၂၀)
၎။ ဖလမ်းမြို့ နယ် (၄၄၃၅၁)
၅။ ရိဒ်ခွါဒါးမြို့ နယ် ( ၅၃၉၀)
၆။ ဟားခါးမြို့ နယ် (၄၈၇၃၁)
၇။ ထန်တလန်မြို့ နယ် (၅၁၁၆၄)
၈။ မတူပီမြို့ နယ် (၃၉၅၅၆)
၉။ ရီဇွာဆပ်မြို့ နယ် (၁၃၅၀၀)
၁၀။ မင်းတပ်မြို့ နယ် (၃၉၈၇၁)
၁၁။ ကန်ပက်လက်မြို့ နယ် (၁၉၀၄၉)
၁၂။ ပလက်ဝမြို့ နယ် (၈၀၀၆၃)
စုစုပေါင်း (၄၅၆၄၀၂)

ချင်းလူမျိုးများဟာ မိမိတို့လူမျိုးကိုချစ်သကဲ့သို့
မိမိတို့နေထိုင်ရာဇာတိဒေသကိုလည်း ချစ်ခင်ကြတဲ့လူမျိုးဖြစ်ပါ တယ်။
ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ စိုက်ပျိုးဖြစ်ထွန်းမှု နည်းပါးမှု၊
စားဝတ်နေရေးခက်ခဲမှုနဲ့ စီးပွားရေးအခြေအနေအရ မိမိတို့ပြည်နယ်တွေကို
စွန့်လွှတ်ကာ ရေကြည်ရာမြက်နုရာရှာပြီး၊ ပြည်နယ်ရဲ့ပြင်ပကို
အလျှိုလျှိုထွက်ခွာသွားကြတာ.. တချို့ဆိုရင် ပြည်နယ်ပြင်ပ၊
ပြည်ပအထိတောင်ရောက်ပြီး၊ ရွာတည်နေတဲ့သူတွေ တောင်ရှိ နေကြပါပြီ။
ကိုယ့်ရပ်ရွာ၊ ဒေသကိုချစ်ပါသော်လည်း စားဝတ်နေရေးအတွက် ဘ၀ပေးအခြေအနေမတူတဲ့
အတွက်ကြောင့်မို့ ကိုယ့်ဒေသကိုစွန့်ခွာနေကြသူတွေကို နားလည်ပေးစေလိုပါတယ်။
ရိုးသား တဲ့တိုင်းရင်းသားတွေဖြစ်ပေမယ့်၊
မုသာမပါလင်္ကာမချောတဲ့နိုင်ငံမှာနေရတဲ့အတွက် သူတို့ အတွက်
အသက်ဆက်ရေးခက်ခဲကြပါတယ်.။ စာရှုသူတို့ အနေနဲ့ အပြစ်တင်ဝေဖန်နေမယ့် အစား
နားလည်ပေးလိုက်ဖို့အတွက် ရည်ညွှန်းရေးသား လိုက်ရပါတယ်..။
ကျေးဇူးတင်ပါတယ်..။

ဒီစာပိုဒ်လေးဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်လျက်သားနဲ့ ဘဝအခြေအနေကြောင့် မတတ်သာလို့သာ နယ်ခြားမှာ သွားရောက်နေထိုင်နေတဲ့ ကျွန်တော်တို့တွေအတွက် စဉ်းစားသင့်တဲ့အချက် ဖြစ်နေပါတယ်။

စဉ်းစားနေလို့တော့ ဘာမှ ဖြစ်မလာဘူး။ ခုလို ဖြစ်ရတဲ့ အကြောင်းကို အားလုံးသိနားလည် ပြီး ဖြစ်လို့ ဘယ်လို ဖြေရှင်းမလဲဆိုတာကို ဆွေးနွေးဆုံးဖြတ် ပြုမူဆောင်ရွက်ဖို့ပါ။ တစ်ချို့ တစ်ချို့တွေက စိတ်ကူးယဉ်ဆန်တဲ့ လောကကြီးက ရုန်းမထွက်ကြသေးဘူး။ တို့ပြည်နယ်ကိုလည်း ရေကြည်စေချင်တယ် ၊ ရွက်နုစေချင်တယ်ဆို ... အပြုသဘောလေး ဆောင်လိုက်ရုံပါပဲ။

ကိုးကား  -http://grou.ps/zingsol/blogs

Friday, June 4, 2010

မင်းမသိတဲ့ အိပ်မက်အကြောင်း

 သာယာတဲ့နေ့တစ်နေ့ရဲ့ အဆုံးသတ်ညတစ်ညမှာ 
       အိပ်မက်တစ်ခု တိုးဝင်လာခဲ့တရ်
 ဒီ အိပ်မက်လေးဟာ ကိုယ့်ဘဝကို အလွမ်းတွေပေးတရ်
       မလိုချင်ပေမဲ့လည်း တမ်းတမိတရ်
ဒါနဲ့ တောင်စဉ်ရေမရ ကိုယ့်နှလုံးသားက သံစဉ် မညီမညာနဲ့
       မင်းကို အရမ်း သတိရနေမိတယ်
မင်းလေး ကိုယ့်ပခုံးထက်မှာ မှေးစဉ်း အိပ်စက်ခဲ့တယ်
       အတိုင်းမသိ ကြည်နူးမိတဲ့ ကိုယ်
ရုတ်တရက် သိလိုက်ရတဲ့အဖြစ်က မနှစ်ကလို မဟုတ်ပဲ
       အတိတ်က ရိုက်ချပစ်ခဲ့တယ်
ဒီလိုနဲ့ ကိုယ့်အိပ်မက်က ကိုယ့်အတွက် တစ်ကယ်ပဲ
       အလွမ်းဇာတ် တစ်ပုဒ်ဖြစ်ရတယ်


 

Tuesday, April 6, 2010

စာရိုက်နည်း

Keyboardဖြင့်ရုပ်ပုံများကိုAlt+1to9တွေသာမက
တစ်ခြားပုံပေါင်းများစွာကိုလုပ်လို့ရပါတယ်။
ပုံတွေသာမြင်နေတာမလုပ်တတ်တဲ့လူတွေအတွက်ဒီပိုစ်မှာပြုလုပ်နည်းကိုဖော်ပြပေးမှာပါ။
အရင်ပိုစ်တွေတုန်းကလည်းဖော်ပြထားတာကပုံ၉ပုံပါ။အခုဟာက၉ပုံသာမကပုံပေါင်းများစွာ
ရဲ့shortcutsတွေကိုဖော်ပြပေးမှာပါ။
☺ Alt+1
☻ Alt+2
♥ Alt+3
♦ Alt+4
♣ Alt+5
♠ Alt+6
• Alt+7
◘ Alt+8
○ Alt+9
♀ Alt+1+2
♪ Alt+1+3
♫ Alt+1+4
☼ Alt+1+5
► Alt+1+6
◄ Alt+1+7
↕ Alt+1+8
‼ Alt+1+9
§ Alt+2+1
↑ Alt+2+4
↓ Alt+2+5
→ Alt+2+6
← Alt+2+7
∟ Alt+2+8
↔ Alt+2+9
▼Alt+3+1
$ Alt+3+6
* Alt+4+2
] Alt+9+3
^ Alt+9+7
` Alt+9+6
♂ Alt+1+1
╘ Alt+2+2
▐ Alt+2+2+2
╝Alt+4+4+4
◙ Alt=+6+6+6+6
Ü Alt+6+6+6

Saturday, March 27, 2010

အချစ်လှော်တက်


မှိန့်မှိန့်ကြီးနဲ့ ပလ္လင်ထက်မှာ
တိတ်တိတ်ကလေး ခံစားနေတဲ့
တောတောင် ဘုရင်တစ်ပါးပေါ့
ရိပ်တိတ်တိတ်နဲ့ တိမ်တိုက်တွေ
ပျော့ပြောင်းသာယာ ရွေ့လျားနေဆဲ
သူ့ကောင်းကင်ထက်မှာ
ရိုးတိုးရိပ်တိတ် ဒဏ်ချက်တွေအလား
အလွမ်းတွေဖောင်ဖွဲ့လို့
ဒုက္ခပင်လယ်ကြီးကို
အချစ်လှော်တက်လေးနဲ့
မင်းရှိရာ အရပ်ဆီကို
ရူးရူးမိုက်မိုက်
ကူးခတ်လာခဲ့မယ်

Tuesday, March 23, 2010

မင်းမှ မသိပဲ

ချစ်သူကို လွတ်လပ်ခွင့်ပေးတာ 
ပစ်ပယ်တာ မဟုတ်ခဲ့ဘူး
လွတ်လပ်တဲ့ ငယ်ရွယ်ချိန်မှာ
ဆူးခလုတ်တစ်ခုလို
မနှောင့်ယှက်ချင်လို့ပါ


ချစ်သူ နှစ်ဦးအနာဂတ်သာယာဖို့
ဘ၀ကို ငါ ကြိုးစားနေဆဲသာ
ပစ်ပယ်တာမဟုတ်ခဲ့ဘူး
အချစ်ပြယ်သွားပြီလို့
မထင်လိုက်ပါနဲ့



ချစ်သူ မင်းနဲ့အတူရှိခဲ့ချိန်က
ငါ့ဘ၀င်တွေ လေဟပ်ခဲ့ပေါ့
အရမ်းပဲပျော်ရွှင်ခဲ့တယ်
ဒါပေမဲ့..ခုတော့
လေတိုက်တိုင်းလွင့်တဲ့
တိမ်စိုင်တွေလိုပါပဲ


ချစ်သူ တွယ်ကပ်တာမဟုတ်ပါဘူး
အချစ်ရူးမို့ နားလည်ပေးပါ
အတိတ်အရိပ်တို့ မရှင်းလင်းလည်း
ပစ္စုပ္ပန် အလင်းရောင်နဲ့
အနာဂတ် ဖယောင်းတိုင်ကို
ထွန်းတောက်ခွင့်ပြုပါ


အချစ်စစ်မှာ နားလည်မှုတို့ရှိတယ်
ပြီးတော့ အကန့်အသတ်လည်းရှိတယ်လေ
နောက်တော့ ဘောင်ကျော်အောင်
ဆိုးတဲ့ ငါ့အမူအကျင့်တွေ
ကောင်းကင်ထက်ဝေးတဲ့ တစ်နေရာမှာ

ငါ စွန့်ပစ်ခဲ့ပြီ 
ခုတော့.. ငါ့အသည်းလည်း
နွမ်းလျလို့ေ​​ကြမွနေပြီ..ချစ်ရသူရယ်