မင်းမျက်လုံး မင်းရဲ့အပြုံးကြားမှာ
ရှုံးနိမ့်ခဲ့ရတဲ့ ငါ့နှလုံးသားတစ်စုံဟာ
ရူးရူးမူးမူး ချစ်ခဲ့ပြီ
မင်းအတွက်ဆို ကိုယ့်ဘက်က
ဗလာကျင်းဘ၀ တစ်ခုဆိုလည်း
အလာမရှိသော အပြန်လမ်းကို
ကိုယ်လျှောက်လှမ်းသွားပါ့မယ်
မင်းပြောခဲ့တဲ့ စကားလုံးတွေက
ငါ့နှလုံးသား ဂူ နံရံမှာ
ရေးမှတ်ထားဆဲပါ
အိပ်မက်သစ်တွေအကြောင်းပြောရင်း ကြယ်စင်တွေငေးကြည့်ခဲ့ရတဲ့ အတိတ်တို့ကို အရောင်တင်ဆေးခြယ်ပြီး သင့်အရှေ့မှာ ဖွင့်ဟပြဖို့ ကြယ်စင်အိပ်မက်သစ် စာမျက်နှာကို အသုံးတော်ခံလိုက်ပါရစေ...
Friday, February 12, 2010
Thursday, January 28, 2010
ချယ်ရီ အလှ ..သဘာဝ တဲ
ချယ်ရီအလှ ...သဘာဝ ကို ပေါ်လွင်အောင် အတတ်နိုင်ဆုံး ပုံဖော်ပြချင်ရုံသက်သက်ပါ..
အားလုံးပဲ အလှအပ ကြိုက်မယ်လို့ မျှော်လင့်ပါတယ်.. အထူးသဖြင့် သဘာဝ အလှကိုပေါ့။
အားလုံးပဲ အလှအပ ကြိုက်မယ်လို့ မျှော်လင့်ပါတယ်.. အထူးသဖြင့် သဘာဝ အလှကိုပေါ့။
Tuesday, January 26, 2010
ကြည်နူးစရာကောင်းတဲ့ ပန်းချီကားတစ်ချပ်အလား
သဘာဝရဲ့အလှတရားတွေကို တို့တွေ အတူတူ
ကြည်နူးခဲ့ဖူးတယ်
လွမ်းဆွတ်ဖွယ်အတိတ်တွေကို တို့တွေ အတူတူ
ဖန်တီးခဲ့ဖူးတယ်
မခွဲချင်ကြပေမဲ့ချစ်သူ တို့တွေ အတူတူ
ခွဲခဲ့ဖူးတယ်
တစ်ကယ်တော့ တစ်ကြိမ်မက
သာယာလှပတဲ့ ရှုခင်းကို
အတူတူ
စောင့်
ကြည့်
ချင်
သေး
တယ်
.....
ချစ်သူ..ရယ်
Subscribe to:
Posts (Atom)