အိပ်မက်သစ်တွေအကြောင်းပြောရင်း ကြယ်စင်တွေငေးကြည့်ခဲ့ရတဲ့ အတိတ်တို့ကို အရောင်တင်ဆေးခြယ်ပြီး သင့်အရှေ့မှာ ဖွင့်ဟပြဖို့ ကြယ်စင်အိပ်မက်သစ် စာမျက်နှာကို အသုံးတော်ခံလိုက်ပါရစေ...
Friday, December 25, 2009
ဝေးပြီ
အမှတ်တမဲ့မှာ မင်းလမ်းခွဲခဲ့ပေမဲ့
လမ်းတစ်ဝက်မှာ ငါ ဆွေးလို့နေခဲ့ပြီ
မပြီးဆုံးမဲ့ အချစ်လို့ ယူဆခဲ့လည်း
လဲကျသွားတဲ့ ငါ့နှလုံးသားအတွက်
ငါ့အသက်က မပေးဆက်တော့ဘူး
ငါလည်း
အသက်တစ်ဝက်မှာ
အသက်ဆက်ခွင့်
မျှော်လင့်ရပေဦးမယ်
Saturday, December 12, 2009
ဘယ်လိုလဲ
အတိတ်တို့ထဲ ပျော်ရွှင်ဖို့သာ
ဆုတောင်းခဲ့တာ မဟုတ်ပါဘူး
ရှေ့ဆက်ပြီးတော့ တို့နှစ်ယောက်တူ
တွဲလက်ခိုင်မြဲ တူလက်တွဲလို့
လောကကြီးကို ရင်ဆိုင်လျှောက်လှမ်း
ဆူးခင်းလမ်းလည်း တို့မကြောက်ဘူးနော်
ခရောင်းလမ်းထက် အမှောင်ဖုံးလည်း
ချစ်စွမ်းအားနဲ့ အလင်းကိုဆောင်
အမိုက်ကိုခွင်း တို့ထိန်လင်းကြမယ်
ယုံကြည်မှုဓား နှလုံးသွင်းလို့
နားလည်မှုဒိုင်း နဲ့ ကာကွယ်ရင်း
ဘ၀တိုက်ပွဲကို ရင်ဆိုင်ကြစို့လား ..ချစ်သူ
ဆုတောင်းခဲ့တာ မဟုတ်ပါဘူး
ရှေ့ဆက်ပြီးတော့ တို့နှစ်ယောက်တူ
တွဲလက်ခိုင်မြဲ တူလက်တွဲလို့
လောကကြီးကို ရင်ဆိုင်လျှောက်လှမ်း
ဆူးခင်းလမ်းလည်း တို့မကြောက်ဘူးနော်
ခရောင်းလမ်းထက် အမှောင်ဖုံးလည်း
ချစ်စွမ်းအားနဲ့ အလင်းကိုဆောင်
အမိုက်ကိုခွင်း တို့ထိန်လင်းကြမယ်
ယုံကြည်မှုဓား နှလုံးသွင်းလို့
နားလည်မှုဒိုင်း နဲ့ ကာကွယ်ရင်း
ဘ၀တိုက်ပွဲကို ရင်ဆိုင်ကြစို့လား ..ချစ်သူ
Wednesday, October 21, 2009
မင်းအတွက်
Monday, March 16, 2009
အချစ်မရှိတဲ့ ည
သို့/
လမင်းကြီး
မင်းအပါးမှာ ဘယ်သူမှမရှိလဲ ပြုံးနိုင်ခဲ့တယ်နော်
ငါ့အနားမှာ သူမရှိတာလဲ ဖြစ်နေသေးတာပဲ
မင်းခံစားချက် ကို ငါ မသိနိုင်ပေမဲ့
ငါခံစားချက်ကို မင်း နားလည်ပေးပါ
မင်းနဲ့ ငါ ကောင်းကင်မြေလိုဝေးနေပေမယ့်
ထာဝရ မင်းကိုချစ်နေမှာပါ(ကောင်မလေး)
ပန်းတစ်ပွင့်လိုကြွေနေ ရင်လည်း
မြတ်နိုးစွာနဲ့ ပန်ဆင်ထားမှာပါ
အားလုံးကိုလေမေ့ကာထားလို့
မင်းတစ်ယောက်ကိုသာ ချစ်မှာပဲမို့
မပြောဖြစ်တဲ့ ငါ့ စကားသံ ကို
လမင်းကြီးကတစ်ဆင့်..ကိုယ်ရင်ဖွင့်ပါရစေ
သိပ်ချစ်တယ်...ကောင်မလေး...မင်းသိစေချင်တယ်
လမင်းကြီး
မင်းအပါးမှာ ဘယ်သူမှမရှိလဲ ပြုံးနိုင်ခဲ့တယ်နော်
ငါ့အနားမှာ သူမရှိတာလဲ ဖြစ်နေသေးတာပဲ
မင်းခံစားချက် ကို ငါ မသိနိုင်ပေမဲ့
ငါခံစားချက်ကို မင်း နားလည်ပေးပါ
မင်းနဲ့ ငါ ကောင်းကင်မြေလိုဝေးနေပေမယ့်
ထာဝရ မင်းကိုချစ်နေမှာပါ(ကောင်မလေး)
ပန်းတစ်ပွင့်လိုကြွေနေ ရင်လည်း
မြတ်နိုးစွာနဲ့ ပန်ဆင်ထားမှာပါ
အားလုံးကိုလေမေ့ကာထားလို့
မင်းတစ်ယောက်ကိုသာ ချစ်မှာပဲမို့
မပြောဖြစ်တဲ့ ငါ့ စကားသံ ကို
လမင်းကြီးကတစ်ဆင့်..ကိုယ်ရင်ဖွင့်ပါရစေ
သိပ်ချစ်တယ်...ကောင်မလေး...မင်းသိစေချင်တယ်
Friday, March 13, 2009

ကျွန်တော်တို့ ချင်းလူမျိုးထဲက တီးတိန်လူမျိုးနွယ်စုတစ်စု..ပွဲပြီးတဲ့နောက်စုစုစည်းစည်း နဲ့ အဖွဲ့လိုက်ဓါတ်ပုံရိုက်ကြပါတယ်။ဒါတွေပာာကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးတိုးတက်လာမယ့်နိမိတ်တွေပေါ့ဗျာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမှသည် တိုးတက်အောင်မြင်သောနိုင်ငံ ဖြစ်လာအံ့။........အမြဲကြိုးစားနေမဲ့လူစွမ်းကောင်းလေးတွေပေါ့ဗျာ...ဒီထဲကဘယ်သူနဲ့သိလဲသေချာကြည့်....
Thursday, March 12, 2009
Subscribe to:
Posts (Atom)


