Wednesday, December 30, 2009

ကျွန်တော်၏ ခရီးတစ်ပိုင်းတစ်စ

While we are going to rih during we took break time there where man saung bridge.
ဒီအဖွဲ့ ကြီးဆိုရင်ပေါ့ ... ရိဒ်ဆိုတဲ့ အသည်းနှလုံးရေကန်ကြီးကို တွေ့ဖို့ သွားကြတဲ့ မြန်မာနိုင်ငံ နေရာအသီးသီးမှ ချင်း(တီးတိန်)ကျောင်းသားကျောင်းသူများ အဖွဲ့ဖြစ်ပါတယ် အားလုံး အယောက် ၁၈၀ ကျော် ပါဝင်ပါတယ်။
Siamsin Group photo at Rih
ရိဒ် ကို ရောက်သွားတဲ့ အထိမ်းအမှတ်အနေနဲ့ ဒီလို အဖွဲ့လိုက် ရိုက်ဖြစ်ကြပါတယ်။

ဒါကတော့ ရိဒ်ကန်ရဲ့ ပြင်ညီက ရိုက်ထားတာပေါ့
Two Prince from Mdy and Ygn. The Nice girl from Kalay.
ကျွန်တော်ရယ် သူငယ်ချင်း ကိုကို နဲ့ မမ နဲ့ အတူတူ ဓါတ်ပုံရိုက်ခဲ့ကြတယ်လေ
တစ်ခြားပုံတွေတော့ နောက်မှပဲ ဖြည်းဖြည်း ဆက်တင်သွားမှာ ဖြစ်ကြောင်း။

Monday, December 28, 2009

အထင် နဲ့ အမြင်

တစ်ခါတစ်ရံမှာ မက်ခဲ့တာ ဒီအိပ်မက်မျိုးပါ
ဒါတွေက တစ်ကယ်မှာတော့ အိပ်မက်တွေပါပဲ
ရိုးသားစွာ ငါ့နှလုံးသားက မျက်ရည်တွေ
လောကကြီးကို ဖူးတွေ့လို့ သွားခဲ့ပြီ
လွဲခဲ့တဲ့ အထင်တွေကြောင့် ငါ
စိတ်ဆိုးခဲ့မိတယ်
ရိုးသားစွာ ပြောပြချင်တယ်
ခွင့်လွှတ်ပါလို့
တိတ်ဆိတ်စွာ ထပ်ပြောပါရစေ
သိပ်ချစ်တယ်လို့
ချစ်သူတစ်ယောက်သာ သိသာစေရန်

တို့တွေ အချစ်မှာ မိဘတွေ သိတာက
ငယ်ရွယ်လွန်းတာလား
တို့ကို တွယ်တာလွန်းတာလား
ငယ်ရာကကြီးလာတာ
နားလည်မပေးစတမ်းလား
လမ်းတွေ မှာ ကျခဲ့တာ
တို့စိတ်ဓါတ်တွေပါ
နွေးထွေးစွာ မျှော်လင့်မိတာ
နင့်အချစ်ကိုပါ

မဖြစ်နိုင်တာကို ဖြစ်နိုင်တဲ့ဘက်က အကောင်အထည်ဖော်တတ်တဲ့ ၀ါသနာ ရယ်
ဒီအချိန်မှာ မင်းကို ကိုယ် ပြန်ခေါ်ပါတယ်
သူလေး ရဲရင့် လာအောင်
မင်း ဆောင်ကြဉ်း ပေးပါလား ...တောင်းဆုခြွေပါတယ်

Friday, December 25, 2009

ဝေးပြီ


အမှတ်တမဲ့မှာ မင်းလမ်းခွဲခဲ့ပေမဲ့
လမ်းတစ်ဝက်မှာ ငါ ဆွေးလို့နေခဲ့ပြီ

မပြီးဆုံးမဲ့ အချစ်လို့ ယူဆခဲ့လည်း
လဲကျသွားတဲ့ ငါ့နှလုံးသားအတွက်

ငါ့အသက်က မပေးဆက်တော့ဘူး
ငါလည်း
အသက်တစ်ဝက်မှာ
အသက်ဆက်ခွင့်
မျှော်လင့်ရပေဦးမယ်

Saturday, December 12, 2009

ဘယ်လိုလဲ

အတိတ်တို့ထဲ ပျော်ရွှင်ဖို့သာ

ဆုတောင်းခဲ့တာ မဟုတ်ပါဘူး

ရှေ့ဆက်ပြီးတော့ တို့နှစ်ယောက်တူ

တွဲလက်ခိုင်မြဲ တူလက်တွဲလို့

လောကကြီးကို ရင်ဆိုင်လျှောက်လှမ်း

ဆူးခင်းလမ်းလည်း တို့မကြောက်ဘူးနော်



ခရောင်းလမ်းထက် အမှောင်ဖုံးလည်း

ချစ်စွမ်းအားနဲ့ အလင်းကိုဆောင်

အမိုက်ကိုခွင်း တို့ထိန်လင်းကြမယ်



ယုံကြည်မှုဓား နှလုံးသွင်းလို့

နားလည်မှုဒိုင်း နဲ့ ကာကွယ်ရင်း

ဘ၀တိုက်ပွဲကို ရင်ဆိုင်ကြစို့လား ..ချစ်သူ


Wednesday, October 21, 2009

မင်းအတွက်

မင်းရှိနိုင်မဲ့ နေရာကို ငါ လာချင်တယ်
မင်းမရှိမှာလည်း စိုးရိမ်တယ်
မင်းနဲ့တွေ့ဖို့ အမြဲ ငါကြိုးစားတယ်

အတူရှိနေချိန်တိုင်း ငါ ပျော်နေမိတယ်
အတူပြန်တဲ့အချိန်တိုင်း ငါ ပျော်နေမိတယ်

ဒါမဲ့ ငါချစ်တဲ့အကြောင်း နင့်ကိုပြောရင်..
အခင်အမင် ပျက်သွားနိုင်လား

ငါနင့်ကိုအရမ်းချစ်တယ်
lvoe

Monday, March 16, 2009

အချစ်မရှိတဲ့ ည

သို့/
လမင်းကြီး
မင်းအပါးမှာ ဘယ်သူမှမရှိလဲ ပြုံးနိုင်ခဲ့တယ်နော်
ငါ့အနားမှာ သူမရှိတာလဲ ဖြစ်နေသေးတာပဲ

မင်းခံစားချက် ကို ငါ မသိနိုင်ပေမဲ့
ငါခံစားချက်ကို မင်း နားလည်ပေးပါ

မင်းနဲ့ ငါ ကောင်းကင်မြေလိုဝေးနေပေမယ့်
ထာဝရ မင်းကိုချစ်နေမှာပါ(ကောင်မလေး)

ပန်းတစ်ပွင့်လိုကြွေနေ ရင်လည်း
မြတ်နိုးစွာနဲ့ ပန်ဆင်ထားမှာပါ

အားလုံးကိုလေမေ့ကာထားလို့
မင်းတစ်ယောက်ကိုသာ ချစ်မှာပဲမို့

မပြောဖြစ်တဲ့ ငါ့ စကားသံ ကို
လမင်းကြီးကတစ်ဆင့်..ကိုယ်ရင်ဖွင့်ပါရစေ
သိပ်ချစ်တယ်...ကောင်မလေး...မင်းသိစေချင်တယ်

Friday, March 13, 2009

61th chin national day
ကျွန်တော်တို့ ချင်းလူမျိုးထဲက တီးတိန်လူမျိုးနွယ်စုတစ်စု..ပွဲပြီးတဲ့နောက်စုစုစည်းစည်း နဲ့ အဖွဲ့လိုက်ဓါတ်ပုံရိုက်ကြပါတယ်။ဒါတွေပာာကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးတိုးတက်လာမယ့်နိမိတ်တွေပေါ့ဗျာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမှသည် တိုးတက်အောင်မြင်သောနိုင်ငံ ဖြစ်လာအံ့။........အမြဲကြိုးစားနေမဲ့လူစွမ်းကောင်းလေးတွေပေါ့ဗျာ...ဒီထဲကဘယ်သူနဲ့သိလဲသေချာကြည့်....

Thursday, March 12, 2009

Hello! Myspace Comments

BARS
ပျော်စ၇ာကြီးနော်။ကျွန်တော်တို့က BARS
college ပထမနှစ်တွေပါ.....Christianity class project လုပ်တုန်းကပေါ့ဗျာ.စုစုစည်းစည်းနဲ့ အောင်မြင်မှု တွေရရှိခဲ့ပါတယ်.....ခေါင်းဆောင်ကောင်းပြီး ကြိုးစားအားထုတ်မှုရှိကြတဲ့ နောက်လိုက်တွေကြောင့်ပေါ့ဗျာ..အမှတ်ပေးတော့ကျွန်တော်တို့နဲ့ အဖွဲ့ E ကအမှတ်တူထိပ်ဆုံးကပေါ့။